Monday, September 3, 2007

Introduction

ကျွန်တော် ဒီ Blog လေးကို ဓါတ်ပုံတွေပဲတင်ဖို့ စိတ်ကူးထားမိပါတယ်။ အင်း ... တော်တော်တော့ လေးလိမ့်မယ် ထင်တယ်။ ဒါပေမယ့် သီးခံပြီး ကြည့်စေချင်ပါတယ်။ ကျွန်တော် ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေဟာ ကောင်းချင်မှ ကောင်း မယ်။ ဒါပေမယ့် ကျွန်တော် ဟာ ဓါတ်ပုံ ပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုတာတော့ အရင်ပြောရပါမယ်။ ဒါက ကျွန်တော် တို့ သူငယ်ချင်းတွေ ခရီး ဝေးဝေးထွက်ရင်ပဲ ဖြစ်ဖြစ်၊ နီးနီးထွက်ရင်ပဲ ဖြစ်ဖြစ် ရိုက်ခဲ့ကြတဲ့ ဓါတ်ပုံတွေ ပါ။ တစ်ချို့ပုံတွေဆို ကျွန်တော် Internet ဆိုတာကို အလုံးလား၊ အပြားလား မသိတဲ့ အချိန်က စပြီး ရိုက်ခဲ့တဲ့ ပုံ တွေပါ။ ဒါကြောင့် ကြွရောက်လာကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများကို ကြိုတင် တောင်းပန်ချင်တာကတော့ အပျော်အလည်လာတယ်လို့ပဲ ခံယူပေးပါလို့။

Saturday, September 1, 2007